ထားဝယ် ၂၇ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ အခြေခံအားကစားသင်တန်းများကို မတ် ၃ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
အားကစားသင်တန်းမှာ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ကရာတေးဒို၊ ကြက်တောင်၊ တင်းနစ်၊ အေရိုးဗစ်၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ဝူရှုး(ထိုက်ချိ)၊ မြန်မာ့သိုင်း စသည့်တို့ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အားကစားနည်းများကို ထားဝယ်မြို့နယ် အားကစားကွင်း၊ အားကစားရုံများတွင် ဖွင့်လှစ်ပေး သွားမည်ဖြစ်ပြီး ပြေးခုန်ပစ်အခြေခံသင်တန်းကို တိုင်းဒေသကြီးအားကစားကွင်း၌ ဖွင့်လှစ်၍ သင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအား ဂျာစီ(၁)ထည်စီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးမှူး ဦးသန်းဇော်မိုးထံမှ သိရသည်။
ထားဝယ်ခရိုင်ပြန်/ဆက်


