ထားဝယ် ၂၉ ဇွန်
ပင်လယ်ငါးဖမ်း ရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်း ရှင်းရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြိူ့၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးသံချောင်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း မှာ ရှိသော ပင်လယ်ငါးဖမ်းရေယာဉ်များပေါ်ရှိ ရေလုပ်သားများ၊ရေယာဉ်မှူးများကိုအသိပညာ ဗဟုသုတများ ရရှိစေပြီး သိရှိလိုက်နာစေရန်၊ ပင်လယ်ပြင်လုပ်ငန်းခွင်တွင် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရ မည့်နည်းလမ်းများ၊လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးစသည့်ရည် ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၊ ပင်လယ်ငါးဖမ်း ရေယာဉ်ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေစဉ် ကျန်းမာရေးအရသော်လည်းကောင်း၊ ရာသီဉတုအခြေအနေအရအန္တရာယ်နှင့် ရင်ဆိုင်လာရပါက သင်းတန်းမှ ပို့ချထားသော အတွေ့အကြုံများကို လက်တွေ့အခြေအနေနှင့် ပေါင်းစပ်စေခြင်းဖြင့် မိမိတို့၏ အသက်အန္တရာယ်ကာကွယ်မှုမှာ ယခင်ကထက်ပိုမိုပြီး အထောက်အကူဖြစ်စေနိုင် မှာဖြစ်ကြောင်း ပြောကြားသည်။
သင်းတန်းတွင် တာဝန်ရှိသူများက သင်တန်းသား(၂၅)ဦးအား ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများ အတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး၊ VMSဆိုင်ရာ ညွှန်ကြားချက်များ၊ တားမြစ်ငါးဖမ်းကိရိယာများ၊ ဖမ်းဆီးခွင့်မပြုသော ငါးအမျိုးအစားများ၊ ငါးမဖမ်းရရာသီနှင့် နေရာများ စသည်တို့ကို ဇွန်(၃၀) ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်ပြန်/ဆက်


