ထားဝယ်၌ (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ထားဝယ်  ၅  မေ

 

(၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှဦးစီး၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၌ ဘုရားကြီးဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး၊ သန္ဓေ္မမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များက ဘုရားကြီးဝင်းအတွင်း၌ သစ်ပင်ခြုံနွယ်များ၊ မြက်ပင်များ၊ အမှိုက်သရိုက်များကို ခုတ်ထွင်းဖယ်ရှား ရှင်းလင်းပေးပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

ဆက်လက်၍ ထားဝယ်မြို့၊ ဇေယျဘုမ္မိဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်းရှိ သံဃာတော်များ၊ သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မိဘမဲ့ကလေးများအား အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

 

(ခရိုင်ပြန်/ဆက် )