ထားဝယ် မေ ၁၇
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade 9 (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် သင်တန်း ဖွင့်ပွဲကို မေ ၁၇ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာာစကား ပြောကြားပြီး တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦးက သင်တန်းများဖွင့်လှစ်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သင်တန်းသား ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်သည်။
သင်တန်းတွင် အခြေခံပညာ Grade 9 သင်တန်းသား ဆရာ ဆရာမ ၆၁၃ ဦးအား သင်တန်းနည်းပြ ၃၆ ဦးက မေ ၂၄ ရက်အထိ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)