ထားဝယ်  ၂၇  နိုဝင်ဘာ

 

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်မှာပါရှိသော ကလေးသူငယ်အခွင့်အရေး ()ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကို အကြမ်းဖက်မှု၊ လစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှု အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့်နှင့် ကလေးသူငယ်များရဲ့ အရေးကိစ္စများတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်တို့ဖြစ်ကြောင်း၊ မွေးကင်းစကလေးငယ်များအား အခြားကလေးငယ်များနည်းတူ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခြေခံအခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်ခံမှု ရရှိမှာဖြစ်သလို အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် လူ့အသိုင်းအဝိုင်းအတွင်း ပါဝင်ဆောင်ရွက်ခွင့် ရရှိလာမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများကို တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဆင့် ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများနှင့် ကလေးသူငယ်များရှေ့မှ မားမားမတ်မတ် ရပ်တည်ပြီး ကလေးသူငယ်တွေကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မူလတန်းကြိုကျောင်းများမှ သားငယ်/သမီးငယ်များကတေးသီချင်းများဖြင့် သရုပ်ဖော် သီဆိုဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မူလတန်းကြိုကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကလေးမိဘများ တက်ရောက်ခဲ့သည်။

 

(ခရိုင်ပြန်/ဆက်)