မြင်းမူ  ၁  ဩဂုတ်

 

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာတွင် တည်ဆောက်လျက်ရှိသော နယ်မြေမီးသတ်စခန်း တည်ဆောက်မှု (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါနယ်မြေမီးသတ်စခန်းမှာ RC ကွန်ကရစ် (၃) ထပ် အဆောက်အဦဖြစ်ပြီး မီးသတ် မော်တော်ယဉ်များ ထားရှိရန်နေရာ၊  ရုံးခန်း၊  အစည်းဝေးခန်းနှင့်   ဝန်ထမ်းမိသားစုများ နေထိုင်ရန် အခန်းများပါဝင်ပြီး ဆေးသုတ်ခြင်း၊ ရေပိုက်များ သွယ်တန်းခြင်းနှင့်  အခြားလုပ်ငန်း အနည်းငယ်သာ ကျန်ရှိကြောင်း တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန္တာဦး ထံမှ သိရသည်။

 

ယင်းနယ်မြေမီးသတ်စခန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၁၈၆ ဒဿမ ၄) သန်းဖြင့် Power  Family ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး အဆောက်အဦမှာ အလျား (၅၀) ပေ၊ အနံ (၄၀) ပေ၊ အမြင့် (၃၅) ပေရှိပြီး ဩဂုတ်လ ဒုတိယပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)

 

mdn