ထီးချိုင့်  ဩဂုတ် ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၌ ဧရာဝတီမြစ်ရေသည်  မိုး‌လေဝသနှင့် ဇလ‌ဗေဒဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ (၆၇၀) စင်တီမီတာရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ဖြစ်သည့် ၇၄၀ စင်တီမီတာသို့ ရောက်ရှိရန် ၇၀ စင်တီမီတာအလိုတွင် ရောက်ရှိနေကြောင်း သိရသည်။

 

အဆိုပါမြစ်ရေသည် လက်ရှိရေအမှတ်၌ပင် မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများသို့ မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိသောကြောင့် မြစ်ကမ်းအနီးနှင့် မြေအနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် ကျွဲ၊ နွားများအား ရေလွတ်သည့် ကုန်းမြင့်ဒေသများသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ နှိုးဆော်ထား‌ကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)