ထီးချိုင့်    ၂၆  နိုဝင်ဘာ

 

မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

ပြိုင်ပွဲတွင် ထီးချိုင့်မြို့နယ်အတွင်းရှိ မူလတန်းအဆင့် အင်္ဂလိပ်စာဖြေဆိုသူ ကျောင်းသားကျောင်းသူ ၃၂  ဦး၊  သင်္ချာဖြေဆိုသူ ၄၂ ဦး၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာဖြေဆိုသူ ၇၆ ဦး၊ သင်္ချာဖြေဆိုသူ ၁၀၇ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူပေါင်း  ၂၅၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးငြိမ်းဝင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဖေ တို့နှင့် တာဝန်ရှိ ဆရာ ဆရာမများက စာမေးပွဲဖြေဆိုမှုကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စွမ်းရည်ပြိုင်ပွဲကို ဘာသာရပ်အလိုက် ထူးချွန်သည့် ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရေးအတွက် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲလင်းထွန်း(ထီးချိုင့်)