ထီးချိုင် ၂၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီက မြို့မစည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များတွင် တားမြစ် ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းလိုက်နာမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက စျေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များတွင် သက်တမ်းလွန် မှိုတက်အစားအသောက်များနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်အမှတ်တံဆိပ် များ မပါရှိသည့် ပစ္စည်းများရောင်းချမှုရှိ/မရှိနှင့် ကျန်းမာရေးစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှု ရှိ/မရှိ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားထည့်သွင်းမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများအနေဖြင့် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုမရှိပါက နောင်စစ်ဆေး သည့်အခါ ကုန်စည်များကို သိမ်းဆည်းအရေးယူ သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)


