ထီးချိုင့် ၁၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ကံပေါက်အုပ်စု၊ ဆားတွင်းကျေးရွာတွင် လေးလက်မ စက်ရေတွင်း၊ ရေစက်ရုံတစ်ရုံ၊ ရေစုကန်နှင့် Chain Link ကာရံခြင်းလုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်းပြီးစီးမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် တာဝန်ရှိသူများက ရေပေးရေးနှင့် တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လေးလက်မ စက်ရေတွင်းတူးဖော်၍ ၁၅/၁၆ အင်ဂျင်၊ သုံးလက်မ လေမှုတ်စက်၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ဂါလန် ၂၄၀ဝ ဆံ့ကွန်ကရစ် ရေစက်ရုံ၊ ဂါလန် ၁၅၀ဝ ဆံ့ရေစုကန်နှင့် Chain Link ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် ဆားတွင်းကျေးရွာရှိ အိမ်ခြေ ၁၂၀၊ လူဦးရေ ၆၆၅ ဦးအတွက် နွေရာသီရေရှားပါးမှု မဖြစ်အောင် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက ပြောကြားသည်။
မွှေးကြူဇင်


