ထီးချိုင့် ၁၇ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မြတောင်အခွန်တော် ကင်းစခန်းအနီး ဧရာဝတီမြစ်အတွင်းအမြန်ရေယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် ထီးချိုင့်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ရန်နိုင်ဦး ဦးစီးသောအဖွဲ့သည် ထီးချိုင့်မြို့နယ်မြတောင်အခွန်တော် ကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် စခန်းအနီး ဧရာဝတီမြစ်အတွင်း ဝင်းသူမောင်းနှင်လာသော "လှိုင်းရာဇာ" အမည်ရှိ အမြန်ရေယာဉ်အား မသင်္ကာ၍ရပ်တန့်စစ်ဆေးရာ အဆိုပါ ရေယာဉ်အတွင်းမှ တရားမဝင်ကျွန်းခွဲသား ဆိုဒ်စုံ ၁၁၂၉၈) ချောင်း၊ ၃ ဒသမ ၄၄၄၉၀ တန် ရှာဖွေတွေ့ရှိရသဖြင့် တရားမဝင်ကျွန်းခွဲသားများ သယ်ဆောင်လာသူ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာနေရေယာဉ်မောင်း ဝင်းသူနှင့် မန္တလေးမြို့၊ စိန်ပန်းရပ်နေ ရေယာဉ်ပိုင်ရှင် ဦးစောလွင် တို့အား ထီးချိုင့်မြို့မရဲစခန်း မှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


