ထီးချိုင့်၊ ၂၆ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကြက်တကောင်-မအူကုန်း ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ၇၀ ပေကို ခွင့်ပြုငွေ ကျပ် ၁၂၆ ဒသမ ၁၀ သန်းဖြင့် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေးအတွက် ပြည့်သူလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် တင်ဒါအောင်သည့် YMC Company မှာတာဝန်ရှိသူများ က ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ သည်။
အဆိုပါ ကြက်တကောင်-မအူကုန်း ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက ကျေးရွာ ၂ ရွာရှိ စိုက်ပျိုးမြေဧက ၃၉၂၀ အတွက်လည်းကောင်း၊ အိမ်ထောင်စု ၁၂၀၀ ၊ လူဦးရေ ၇၂၅၈ ဦး တို့၏ လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသခံများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုဘဝ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


