ထီးချိုင့် ၈ ဩဂုတ်
ဩဂုတ် ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ အထူးချေးငွေများကို တည်တောကျေးရွာအုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် မိုးသီးနှံ လျာထားချက်အတိုင်း တည်တောကျေးရွာအုပ်စုရှိ တောင်သူ (၅၃၀) တို့ကို တစ်ဧကလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် မိုးစပါးဧက (၃၄၀၀) အတွက် ငွေကျပ်သိန်း (၁၇၀၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊။
ကိုဗစ်-၁၉ အထူးချေးငွေကို ကျေးရွာအုပ်စု (၂၉) အုပ်စုရှိ မိုးစပါးဧက (၇၇၄၃၈) ဧကအတွက် (၃၈၇၁၉) ကျပ်ကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ကျန်ရှိသော ကျေးရွာများကိုလည်း ဆက်လက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ထုတ်ချေးရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ လူစုလူဝေး မဖြစ်စေရန်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးတင်ထွန်း၏ ပြောကြားချက်အရ သိရသည်။
ရဲလင်းထွန်း ထီးချိုင့်