ထီးချိုင့် ၉ စက်တင်ဘာ

 

ထီးချိုင့်မြို့မှ အနောက်မြောက်ဘက် (၃၁) မိုင်ကွာဝေးသော ရွှေဘို - မြစ်ကြီးနား မဟာဗျူဟာလမ်း မိုင်တိုင်အမှတ်၊ ၁၁၃-၁၁၄ ကြား နေပူတောင်(ဒိုးပင်တောင်)အဆင်း နတ်ကြီးစဉ်အနီး၌ ကြက်သွန် အိတ်များ တင်ဆောင်လာသော TOYOTA ဒိုင်နာကားတစ်စီးသည် ယနေ့နံနက် (၄)နာရီအချိန်ခန့် က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် (၀၁:၃၀) အချိန်တွင် ရွှေဘိုမြို့မှ မိုးညှင်းမြို့သို့ပို့ရန် ကြက်သွန်နီပိသာချိန် (၃၀၀၀) သယ်ဆောင်လာသော  TOYOTA ဒိုင်နာအမျိုးအစား  အဖြူရောင်ယာဉ်သည် ရွှေဘို-မြစ်ကြီးနားမဟာဗျူဟာလမ်း မိုင်တိုင် ၁၁၃-၁၁၄ကြား နေပူတောင်အဆင်း နတ်ကြီးစဉ်အနီး ကလပ်ကြွေ/ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးသို့ဘေးတစ်စောင်းအနေအထားဖြင့် တိမ်းမှောက်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ကျား(၁)ဦးသည် ကားခေါင်းခန်းတွင် ညှပ်ပိမှုဖြစ်ပွား၍ သေဆုံးခဲ့ပြီး ဒဏ်ရာရသူနှစ်ဦးအား အင်းတော်တိုက်နယ်တွင် ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

 

အဆိုပါ သေဆုံးထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်၍ ယာဉ်မောင်းအား ထီးချိုင့်မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ရဲလင်းထွန်း (ထီးချိုင့်)