ထီးချိုင့် ၃၀ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထီးချိုင့်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ကျေးရွာများမှ ကျွဲ၊ နွားတိရိစ္ဆာန်များအတွက် တိရိစ္ဆာန်မွေးမြူရေးအစာများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ်စီမံခန်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်တို့က အဖွင့်အမှာစကားပြောကြားပြီး ကသာခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာဌေးဇော်ဦး၊ ထီးချိုင့်မြို့နယ် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနမှ ဒေါက်တာ သန့်ဆွေဦးတို့က ရေကြီးနစ်မြုပ်ကျေးရွာများသို့ တိရိစ္ဆာန်မွေးမြူရေးအစာများ ထောက်ပံ့ပေးအပ်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများအား တိရိစ္ဆာန်မွေးမြူရေးအစာများ အသီးသီး ပေးအပ်ခဲ့သည်။
ထီးချိုင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ် ကျေးရွာအုပ်စု(၁၂)စုတို့မှ ကျွဲ၊ နွားကောင်ရေ ၅၂၀၀ တို့အတွက် ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘတ်ဂျက်မှ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရိစ္ဆာန်အစာနုထောက်ပံ့မှုအစီအစဉ်ဖြင့် ထောက်ပံ့ပေးသည့် တိရိစ္ဆာန်မွေးမြူရေး အစာအိတ်ပေါင်း (၃၂၅) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အစာအိတ်တစ်အိတ်လျှင် ကာလတန်ဖိုး ငွေ(၃၀၀၀၀)ကျပ်ခန့်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ငွေ(၉၇၅၀၀၀၀)သိန်းရှိကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ရဲလင်းထွန်း ထီးချိုင့်