ထီးချိုင့်   ၂၀  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် သာယာကုန်းကျေးရွာနှင့် မဲဇာလေးကျေးရွာတို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများတွင် ပြုလုပ်ခဲ့သည်။

 

98

 

ဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစောမိုးသောင်းထွန်းက လျှပ်စစ်သွယ်တန်းကြိုးများ၊ မီးခလုတ်များ၊ လျှပ်စစ်ပစ္စည်းများကို စနစ်တကျသုံးစွဲရေးနှင့် လျှပ်စစ်မီးကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရန်၊ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

963

 

ထို့နောက် တက်ရောက်လာသော ကျေးရွာနေပြည်သူများမှ မိမိတို့သိလိုသည့် အချက်များကို မေးမြန်းရာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှ ပြန်လည်ဖြေကြားပေးခဲ့သည်။

 

741

 

ရဲလင်းထွန်း (ပြန်/ဆက်)