ထီးချိုင့်  ၂၁  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ဆေးရုံအခြေပြုကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

ထိုသို့ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဧပြီလ (၁) ရက်နေ့မှစတင်၍ ရပ်နားထားရပြီး မေလ ၂၀ ရက်နေ့မှစ၍ ပြန်လည်ထိုးပေးနေပြီဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် တစ်ရက်လျှင် ကလေး(၅၀) ဦးသာ ထိုးပေးသွားမည်ဖြစ် ကြောင်း၊ ကာကွယ်ဆေး ထိုးရန် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးမှ တစ်နှစ်ခွဲအထိ ကလေးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များကို လိုက်နာ ၍ ပြန်လည်ထိုးနှံ ပေးလျက်ရှိပြီး မေလကုန်အထိ အပတ်စဉ် ရုံးဖွင့်ရက်များတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

ဇွန် (၁) ရက်နေ့မှစ၍ မိခင်နှင့်ကလေး၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာန(ခွဲ) များမှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာကိုကိုနိုင် ထံမှ သိရသည်။

 

ရဲလင်းထွန်း ထီးချိုင့်