ထီးချိုင့် ၁၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်ရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး အမျိုးသမီးဝတ်၊ အမျိုးသားဝတ်၊ ကလေးဝတ် အင်္ကျီချုပ်နည်း စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကာ သင်တန်းကာလမှာ နှစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)