ထီးချိုင့်  ၁၀  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ကျက်သရေချောင်းကျေးရွာ၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ ၃ မိုးစပါးမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်းကို  ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

 

a1

 

စံကွက်ရိတ်သိမ်းရာတွင် ကျက်သရေချောင်းကျေးရွာ၊ ကွင်းအမှတ် (၈၂၁)၊ ဦးပိုင်အမှတ် (၁၁) တောင်သူဦးတင်ရှိန်၏ ဆင်းဧကရီ ၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်(၄)ဧက၌ (၀.၁၀)ဧက ( ၆၆' X ၆၆ ') စံကွက်ရိတ်သိမ်းရာ အစိုအထွက် (၁၀ ) တင်း၊ (၁)ဧကအထွက် တင်း (၁၀၀)ထွက်ရှိခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်အနေဖြင့် နည်းပညာပေးစင်တာအလိုက် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်များကို စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများအနေဖြင့် ဆင်းဧကရီ ၃၊ ဧရာမင်း၊ မှော်ဘီ၊ ရက်(၉၀) မျိုးစပါးများအား မြို့နယ်အတွင်းဧက (၄၀၀)  စိုက်ပျိုးထားကြောင်း သိရသည်။ 

မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါးမျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါပိုးမွှား ကျရောက်မှုမရှိစေရေး၊  ပေါင်းကင်းရှင်းရေးတို့အတွက်  ဒေသခံတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ကွက်များအတွင်း နည်းပညာအကူအညီ များရယူလိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများရယူနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)