ထီးချိုင့် ၂၃ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၃၅)ကြိမ်‌မြောက် ပထမပြန်စူဠဘွဲ့နှင်းသဘင်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီက သိုက်ကုန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပါဠိပထမပြန်စာမေးပွဲ  အောင်မြင်တော်မူခဲ့ကြသော ပထမငယ်တန်း‌အောင် (၉)ပါးနှင့် အခြေပြု မူလတန်းအောင် သံဃာတော် အပါး (၂၀) တို့ကို အောင်လက်မှတ်နှင့် ဓမ္မပူဇာဝတ္ထုစာများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် "ဗုဒ္ဓဿသနံ စိရံတိဋ္ဌတု" ဟု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်း၊ မြို့နယ်သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ မြို့နယ်လဝကဦးစီးမှူးဦးမီရယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရဲလင်းထွန်း ထီးချိုင့်