ထီးချိုင့်မြို့နယ်တွင် ဆိုလာမီး အပူလွန်ကဲရာမှ အိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ကသာ ၁၄ မတ်


ထီးချိုင့်မြို့နယ်တွင် ဆိုလာမီးအပူလွန်ကဲရာမှ အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မတ်လ ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲက ပေါက်ပင်ကွေ့(အရှေ့)ကျေးရွာ ဇီးသောင်အုပ်စု ထီးချိုင့်မြို့နေ မြင့်ဇော် (၄၇)နှစ် ၏အိမ်တွင် အသုံးပြုလျှက်ရှိသော ဆိုလာမီးဝပ် ၁၀ဝ မှာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့သဖြင့် မြင့်ဇော်၏ ၃×၂ ခန်း၊ သွပ်မိုးထရံကာ ပျဉ်ခင်းတစ်ထပ်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


သို့ဖြစ်၍ မီးပေါ့ဆသူ မြင့်ဇော်အား ထီးချိုင့်ရဲစခန်းမှ ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။


အေးမြသက်ထား