ထီးချိုင့်၊ ၅ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို အောင်ချမ်းသာ(၂)၊ အောင်သာကုန်း၊ နတ်အင်း၊ လှည်းကူး၊ ဟင်္သာ၊ တုံးပုံ၊ နန်းပေါင်း၊ မိချောင်းအိုက်၊ ကျွန်းချောင်း၊ ကွမ်းတုံ၊ ဇီသောင်(နောက်)၊ ပေါက်ပင်ကွေ့ (နောက်)၊ ပေါက်ကုန်း၊ ကျက်သရေချောင်း၊ ကြက်တကောင် ကျေးရွာတို့ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စီမံကိန်းမိတ်ဆက်ရှင်းလင်းရာတွင် ထီးချိုင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှဝန်ထမ်းများက ကျေးရွာတစ်ရွာချင်းစီသို့သွားရောက်ပြီး စီမံကိန်း၏ သဘောသဘာဝ၊ ရည်ရွယ် ချက်၊ မူဝါဒနှင့်လိုက်နာရမည့် စည်းကမ်းချက်များကို ဒေသခံများအားရှင်းလင်းပြောကြားပြီး ကျေးရွာ ကော်မတီရွေးချယ်ခြင်းနှင့် ကော်မတီဝင်များတာဝန်ယူရမည့်လုပ်ငန်းများနှင့် လိုက်နာဆောင်ရွက်ရ မည့် စည်ကမ်းချက်များကို မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦး၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်အေးမွန်ထက်နှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ကျန်းမာရေး ညွန်ကြားချက်နှင့်အညီ သွားရောက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မွှေးကြူဇင်


