ထီးချိုင့်  ၁၇  မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိင့်မြို့နယ်တွင် ကြံများတင်ဆောင်လာသော ကုန်ကားတစ်စီး တံတားပေါ်အားဖြတ်သန်းစဉ် တံတားလက်ရန်းတိုင်များ တိုက်မိပြီး တံတားပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်မောင်း မင်းသူမောင်းနှင်လာသော ကုန်တင်ယာဉ်သည် ကြံများတင်ဆောင်၍ ငါးအိုးကျေးရွာဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (KM 127)နှင့်(KM 128)အကြား တံတားအမှတ်(1/128)တွင် အရှိန်မထိန်းနိုင်ဘဲ တံတား၏ညာဘက်ခြမ်း လက်ရန်းတိုင်းများအား တိုက်မိခဲ့ရာမှ တံတားရေလယ်တိုင် ယိုင်သွားပြီး တံတားဘေလီနှင့် လက်ရန်းများပျက်စီးကာ တံတားအား အကာအကွယ်ပြုလုပ်ထားသည့် ကွန်ကရစ်တိုင်(၃)လုံးနှင့် တံတားကြမ်းခင်း(၂၅)ပေခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူအား ထီးချိုင့်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နီတိုး