ထီးချိုင့်  ၁၇  မတ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော် ကားလမ်းပေါ်ရှိ မကျီးရှိုတံတားသည် ကြံတင်ယာဉ်ဖြစ်သန်းရာမှ လက်ရမ်းတိုင်များနှင့် တိုက်မိပြီး ရေလယ်တိုင် တိမ်းစောင်းသွားကြောင်း သိရသည်။

 

6

 

ဖြစ်စဉ်မှာ မတ် ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ရတနာပုံမြို့သစ်နေသူ ယာဉ်မောင်း မင်းသူ မောင်းနှင်လာသည့် 1B/---- ယာဉ်အား ကြံများတင်ဆောင် မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၂၇ နှင့် ၁၂၈ ကြားရှိ မကျီးရှိုတံတားပေါ် ဖြတ်သန်းရာ တံတားလက်ရမ်းတိုင်များအား တိုက်မိပြီး တံတားကျွံသွားပြီး ရေလယ်တိုင် တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်သည့် ယာဉ်မောင်းမင်းသူအား ကန်းနီနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)