ထီးချိုင့် ၁၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ဆပ်ကျကျေးရွာအုပ်စု ကိုးတဲကျေးရွာ ညောင်ပင်စုရပ်တွင် စက်တင်ဘာ ၁၅ ရက်နေ၌က မိုးကြိုးထိမှန်သေဆုံးသူ မောင်စိုင်းမင်းထွန်း (၂၇)နှစ်၏ မိသားစုအား ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်နေ့ ညနေပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာသို့ ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ၀ အား ထီးချိုင့်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ ဦးဘဝင်းနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းတို့က မိုးကြိုးထိမှန်မှုကြောင့် ကွယ်လွန်သွားခဲ့သော ကိုးတဲကျေးရွာ ညောင်ပင်စုရပ်နေ မောင်စိုင်းမင်းထွန်း (၂၇) နှစ်၏ အစ်ကိုဖြစ်သူ ဦးမင်းမင်း၏လက်ဝယ်အရောက် ကိုယ်တိုင်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ရဲလင်းထွန်း(ပြန်/ဆက်)


