ထီးချိုင့်မြို့နယ်တွင် နွားလှည်းနှင့် ဆိုင်ကယ်တိုက်မိရာမှ နှစ်ဦးသေဆုံး

ထီးချိုင့် ၂၈ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော်သွား ကားလမ်း၊ ဖုန်းကုန်းလေးကျေးရွာ လမ်းခွဲနေရာတွင် နွားလှည်းနှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူနှင့် နောက်တွင်လိုက်ပါလာသူနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

002598

 

ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက် ည ၇ နာရီခွဲခန့်က ထီးချိုင့်မြို့မရဲစခန်းမှ ဒုရဲအုပ်မြတ်ဇွဲမာန်ကို ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် နွားလှည်းနှင့် ဆိုင်ကယ်တိုက်သည့် အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော်သွား ကားလမ်းပေါ်ရှိ ဖုန်းကုန်းလေးကျေးရွာသွား လမ်းခွဲအနီး ဖုန်းကုန်းလေးကျေးရွာမှ ဖွဲအိတ်များတင်ဆောင်၍ သန်းညွန့်မောင်းနှင်လာသော နွားလှည်းသည် ကားလမ်းဖြတ်ကူးနေစဉ် မန္တလေး-ဗန်းမော်လမ်းအတိုင်း ပြေငြိမ်းမောင်းနှင်ပြီး ညီညီအောင် နောက်မှလိုက်ပါလာသော ဆိုင်ကယ်ဖြင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်ပေါ်ပါ ထီးချိုင့်မြို့နယ်၊ တည်တောကျေးရွာနေ ပြေငြိမ်းနှင့် ညီညီအောင်နှစ်တို့နှစ်ဦးစလုံး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ပြေငြိမ်း တည်တောကျေးရွာ ထီးချိုင့်မြို့နေသူနှင့် သန်းညွန့် ဖုန်ကုန်းလေးကျေးရွာ၊ ထီးချိုင့်မြို့နယ်နေသူတို့နှစ်ဦးအား ထီးချိုင့်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)