ထီးချိုင့်၊ ၂၁ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းနှင့် စိုက်ပျိုးရေးပညာရှင် ၀န်ထမ်းများမှ နွေစပါး မနောသုခစိုက်ကွင်းအား စံကွက်ရိတ် သိမ်းခြင်းကို  ယနေ့နံနက် (၉)နာရီကမရသိမ်ကျေးရွာအုပ်စု၊  ဝါးဘိုးချောင်းကျေးရွာတောင်သူဦး‌ကျော်၏ လယ်တွင် ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းခြင်းကို မရသိမ်ကျေးရွာအုပ်စု၊ ဝါးဘိုးချောင်းကျေးရွာ ကွင်း အမှတ်(၈၇၆)၊ တောင်သူဦး‌ကျော်၏ ပျိုးအမည်မနောသုခ (၃)ဧက၌ (၆၆ 'x၆၆') ပေ ပတ်လည် စံကွက်ရိတ်သိမ်းခဲ့ရာ (၀.၁၀)ဧကထွက်နှုန်း . အစိုထွက် (၁၄၅)တင်းထွက်ရှိခဲ့သည်။

စံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းက နွေစပါးသီးနှံ ကိုယ်စားပြုစံ အထွက်နှုန်းအား သိရှိနိုင်ရန်၊ သီးနှံစိုက်စနစ်အလိုက် အထွက်နှုန်းသိရှိနိုင်ရန်နှင့် နွေစပါးသီးနှံ အထွက်တိုးရေး၊ အထွက်နှုန်းမိတ်ဖက်များ၏အရေးပါမှုကို တောင်သူများ သိရှိနားလည် စေရန်ရည်ရွယ်၍ ယခုလို စံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ရခြင်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထီးချိုင့်မြို့နယ်အတွင်း ရှိဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ နွေစပါးစိုက်ကွက်များအတွင်း နည်းပညာ အကူအညီများရယူလိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများရယူနိုင်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)

MDN