ထီးချိုင့်   ၁၂   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဆိုင်နိုစကော့ကျေးရွာအနီးတောလမ်းတွင် ထွန်စက်တစ်စီး တိမ်းမှောက်ရာ ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေ ၁၁ ရက် ည ၁၀ နာရီခွဲခန့်တွင် ထီးချိုင့်မြို့နယ် ကမ်းနီနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ်မျိုးဇော်အောင် ဦးစီးသောအဖွဲ့သည် ယာဉ်တိမ်းမှောက်နေကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကသာမြို့နယ် အင်းရွာကျေးရွာနေ ကျော်မြင့်အောင် မောင်းနှင်လာသော နောက်တွဲယာဉ်ထွန်စက်သည် ကသာမြို့နယ်၊ ပိန်းတောကျေးရွာနေ ဦးထွန်းထွန်း၏ ကျွန်းသစ်လုံးများတင်ဆောင်၍ မောင်းနှင်လာစဉ် ထီးချိုင့်မြို့နယ်၊ ဆိုင်နိုစကော့ကျေးရွာအနီး တောလမ်းတွင် နောက်တွဲယာဉ်ပြုတ်ကျကာ ထွန်စက်တိမ်းမှောက်သွားသဖြင့် ယာဉ်မောင်း ကျော်မြင့်အောင်သည် ထွန်စက်ပေါ်မှပြုတ်ကျကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါအမှုအား ကမ်းနီနယ်မြေရဲကင်းစခန်းမှ ယာဉ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)