ထီးလင်း၊ ၂၇ မေ
ရပ်ကွက်နေပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူစေရေးနှင့် မြို့ပေါ်ရပ်ကွက် လမ်းများ အစဉ်တိုးတက်ကောင်းမွန် ချောမွေ့စေရေးတို့အတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၂) ကန်တော်လေးရပ်ကွက် အင်ကြင်းလမ်း အပိုင်း(၂)ကို ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်လျက်ရှိရာ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမျိုးမြင့် တို့က ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းကို ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ပစ္စည်းတင်ဒါ စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ လမ်းမှာ အရှည် ပေ ၁၇၂၀ ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မ ရှိ၍ စုစုပေါင်း ကုန်ကျငွေကျပ် ၃၆၅၅၀၀၀၀ ဖြစ်ကြောင်း နှင့် လုပ်ငန်းပြီးစီးမှုမှာ ၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


