ထီးလင်း ၃၀ အောက်တိုဘာ     

           

ကျန်းမာရေးနှင့်ညီညွတ်မှုရှိပြီး ပြည်သူများအနေဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံး နိုင်ရေးတို့အတွက် ယနေ့နံနက် ၆ နာရီခွဲက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မ စည်ပင်သာယာ ဈေး၌ အသား၊ ငါးများ ရောင်းချမှု လတ်ဆတ်ခြင်း ရှိ/မရှိ တို့ကို ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

၁

 

ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့မ စည်ပင်သာယာဈေး အတွင်း ရောင်းချလျက်ရှိသော အသား ၊ ငါး များအား ကျန်းမာရေးနှင့်အညီ သန့်ရှင်း လတ်ဆတ်စွာ ရောင်းချရေး၊ အလေး , ချိန်ခွင်၊ အခြင်အတွယ်၊ အတိုင်းအတာ တိကျမှန်ကန်မှု ရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပညာပေး စည်းရုံး ဟောပြောမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 

ယင်းသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင် နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြခဲနှင့်ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများက ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)