ထီးလင်း ၂၅ ဒီဇင်ဘာ
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး ( OSS ) ၏ ရွေ့လျားဝန်ဆောင်မှု (Mobile Service Delivery) လုပ်ငန်းများ ရှင်းလင်းခြင်းကို ယမန်နေ့က ထီးလင်းမြို့နယ် ပဇင်းချောင်ကျေးရွာ စုရပ်ဆောင်ခန်းမ၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမင်းသိဒ္ဓိက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်သူ့ဝန်ဆောင်မှုရုံး ( OSS ) ၌ပါဝင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနများမှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသော ကျေးလက်နေပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမင်းသိဒ္ဓိ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးရဲမင်းထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


