ထီးလင်း ၈ ဒီဇင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ဆောင်းရာသီကာလ၌ ကြက်သွန်နီစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကြက်သွန်နီ စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ပျိုးခင်းအတွင်း ပေါင်းလိုက် လွယ်ကူစေရန်အတွက် အတန်းလိုက်စိုက်ရပြီး အစပျိုးတဲ့အခါကျရင် သစ်ခက်၊ ကောက်ရိုး၊ မြက်ခြောက်တွေနဲ့ ဖုံးအုပ်ပေးရကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ဆက်လက်ပြီး ၎င်းက ကြက်သွန်နီသည် မြေဩဇာကောင်းတဲ့ နုန်းမြေမျိုးတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းလေ့ရှိကြောင်းနှင့် စိုက်ခင်းကို မစိုလွန်း၊ မခြောက်လွန်း အနေအထားဖြစ်အောင် ရေသွင်းပေးထားရပြီး စီးပွားဖြစ်စိုက်ပျိုးရန်အတွက် မျိုးကောင်းမျိုးသန့် ဖြစ်ဖို့လိုကြောင်း ပြောပြခဲ့သည်။
အောင်စည်(ပြန်/ဆက်)


