ထီးလင်း ၉ ဖေဖော်ဝါရီ    

ကျေးလက်နေ တောင်သူဦးကြီးများ စားဝတ်နေရေး သက်သာချောင်လည်ပြီး အပိုဝင်ငွေများ တိုးပွားရရှိစေရေးတို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးကူညီမှုများနှင့်အတူ ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးလျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

 

082

 

ဆီထွက် သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီးညှပ် ပုံစံအမျိုးမျိုးဖြင့် မိုး၊ ဆောင်း ရာသီမရွေး မျိုးစေ့ဈေးနှုန်းသက်သာစွာ ဝယ်ယူစိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီတွင် မေလနှင့် ဇွန်လများတွင် လည်းကောင်း၊ ဆောင်းရာသီတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် လည်းကောင်း စိုက်ပျိုးနိုင်သည်။

 

084

 

ရေဆင်း(၁) စပ်မျိုးနေကြာသည် အထွက်နှုန်းကောင်းကာ ရွက်ခြောက်ရောဂါဒဏ် ခံနိုင်သည့်အတွက် ထီးလင်းမြို့နယ်၌ ရေဆင်း(၁) စပ်မျိုးနေကြာကို တောင်သူ ၃၀၀ တို့က စိုက်ဧက (၃၀၀)တွင် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အောင်စည်(ပြန်/ဆက်)