ထီးလင်း သြဂုတ် ၂၉
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ သရခါကျေးရွာ တွင် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ဒေသခံပြည်သူများအား အခမဲ့ ကိုဗစ်-၁၉ ရောဂါရှာဖွေ စစ်ဆေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် သရခါကျေးရွာရှိ ရဟန်းသံဃာတော်များနှင့် ကျေးရွာနေပြည်သူ၆၀ ဦးတို့အား ရောဂါပိုးရှိ/မရှိ RDT( Test Kits)ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ မတွေ့ရှိရကြောင်း သိရသည်။
ထီးလင်းမြို့နယ်တွင် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့်ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေး လိုသည့် ပြည်သူများအနေဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ချိတ်ဆက်၍ ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုခံယူနိုင်ကြောင်း သိရသည်။
အောင်စည် (ပြန်/ဆက်)


