ထီးလင်း   အောက်တိုဘာ   ၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ မိုးရာသီ စိုက်ပျိုးစရိတ်များကို ထုတ်ချေးပေးလျက်ရှိသည်။

ထီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ကိုးအုပ်စုမှ တောင်သူ ၄၄၄ ဦးတို့အား စပါး ၈၈၄ ဧက၊ နှမ်း ၇၉၃ ဧကနှင့် မြေပဲ တစ်ဧကအတွက် စုစုပေါင်း ချေးငွေကျပ် သိန်း ၂၁၂၀ ကို ထုတ်ချေးပေးပြီး ဖြစ်သည်။ အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ဩဂုတ် ၂၄ ရက်မှစတင်၍ ထုတ်ချေး ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် တောင်သူများအား အောက်တိုဘာလအထိ ဆက်လက် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ထီးလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲရုံးမှ သိရသည်။ 

အောင်စည်(ပြန်/ဆက်)