ထီးလင်း  ၁၉  ဩဂုတ်    

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် မြေပဲစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

1348

 

မြေပဲစိုက်ပျိုးရာတွင် စိုက်ချိန်မှန်အောင် ဂရုစိုက်ပြီးစိုက်ပျိုးရသလို ထယ်ရေး ပြုပြင်သည့်အခါမှာလည်း ထယ်ရေးကို ညက်နေအောင် ပြုပြင်ရပြီး ထယ်ရေးမကောင်းလျှင် မြေပဲစွယ်များ မြေကြီးအတွင်းသို့ လွယ်ကူစွာ ထိုးဖောက်မဆင်းနိုင်ဘဲ မြေပဲမဥနိုင်ကြောင်း၊ စိုက်ပျိုးသည့် အခါတွင်လည်း မျိုးစေ့နှုန်းထား မှန်အောင် မစိုက်ပျိုးပါက အပင်ပေါက်ရောက်မှု နည်းတတ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

1153

 

“မြေပဲမျိုးစေ့ ချတဲ့အခါမှာ တစ်ကျင်းနဲ့ တစ်ကျင်း၊ တစ်တန်းနဲ့ တစ်တန်း ပင်ကြား တန်းကြား မှန်ဖို့ လိုပါတယ်။ ပင်ကြားတန်းကြား မမှန်ရင် မြေပဲစွယ်ဆင်းမှုကို ထိခိုက်စေပါတယ်။ ပြီးရင် ပေါင်း/မြက်တွေကိုလဲ မှန်မှန်ရှင်းပေးရပါတယ်။ ပေါင်း/မြက်တွေ ထူနေမယ်ဆိုရင် အပင်ကြပ်ပြီး စွယ်ဆင်းဖို့ အနှောင့်အယှက်ဖြစ်သလို အထွက်နှုန်းလဲ မကောင်းဘူး” ဟု ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာမှ မြေပဲစိုက် တောင်သူ ဒေါ်ခင်စန်းက ပြောသည်။

ယခုအခါ ထီးလင်းမြို့နယ်တွင် စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။ 

(မြို့နယ် ပြန်/ဆက်)