ထီးလင်း ၂၅ အောက်တိုဘာ
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ(၄) ဉီး ကျန်းမာရေး ကောင်းမွန်၍ ယနေ့နံနက် ၁၀ နာရီခွဲက ဆေးရုံဆင်းခွင့်ပြုကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ဆေးရုံဆင်းခွင့် ရရှိသူ(၄)ဉီးသည် ရန်ကုန်တိုင်းဒေသကြီးမှ ထီးလင်းမြို့နယ် ရေပုတ်ကျေးရွာ သက်ဆိုင်ရာ Facility Quarantine Centre သို့အောက်တိုဘာလ ၇ ရက် တွင် မိမိအစီအစဉ်ဖြင ပြန်လာပြီး ၁၂.၁၀.၂၀၂၀ ရက်နေ့၌ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် တို့ အား အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာမှ ၁၆.၁၀.၂၀၂၀ ရက်နေ့တွင် ပိုးတွေ့ရှိသူများဖြစ်၍ ထီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းအိမ်ယာ၌ ဆေးကုသမှု ခံယူခဲ့သည်။
ဆေးရုံဆင်းခွင့် ရရှိသူများအားလုံး သတ်မှတ်ရက် ပြည့်မြောက်ပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ဆက်လက်နေထိုင်သွားကြရန်တို့ကို မှာကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မော်တော်ယာဉ်ဖြင့် ကျေးရွာအရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အေလေးငယ်


