ထီးလင်း ၁၆ ဖေဖော်ဝါရီ
မြို့တွင်းရပ်ကွက်လမ်းများ တိုးတက်ကောင်းမွန်ရေးနှင့် ပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူ ချောမွေ့စေရေးတို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့ပေါ်ရပ်ကွက်လမ်းများအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၁ သိန်းဖြင့် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်၊ သီရိ(၁)လမ်း အရှည် ၄၁၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် အမှတ်(၂)ရပ်ကွက်၊ ယုဇနလမ်း(၃)လမ်း အရှည် ၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မကို လည်းကောင်း ကျောက်ချောလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးမြင့်ထံမှ သိရသည်။
အောင်စည်(ပြန်/ဆက်)