ထီးလင်း ၁၃ နိုဝင်ဘာ
ကျောင်းသား ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြက်ပြီး နောင်အနာဂတ်တွင် ယုံကြည် အားထား ရသော ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးတို့အတွက် ဂန့်ဂေါ ခရိုင် ထီးလင်းမြို့နယ်တွင် ကျောင်းသားအားကစားပွဲတော်နှင့် စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် မြို့နယ်အဆင့် အသက်(၁၆)နှစ်အောက် အမျိုးသား , အမျိုးသမီး ကျောင်းသား အားကစားပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ များတွင် လည်းကောင်း၊ မြန်မာစာ၊ အင်္ဂလိပ်နှင့်သင်္ချာ စွမ်းရည်ပြိုင်ပွဲများကို နိုဝင်ဘာလ နောက်ဆုံး အပတ်တွင် လည်းကောင်း၊ ဘက်စုံ လူရည်ချွန် ပြိုင်ပွဲကို ဒီဇင်ဘာလ ဒုတိယ အပတ်တွင် လည်းကောင်း ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ် ပညာရေရးမှူးရုံးမှ တာဝန်ရှိသူ တစ်ဉီးက ပြောသည်။
အောင်စည်(ပြန်/ဆက်)


