ထီးလင်း ၂၅  ဧပြီ

 

ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Facility Quarantine Centre များ ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ  ဧပြီ ၂၄ ရက်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် Facility Quarantine Centre များကို အ.ထ.က၊ အမ.က(၁)၊ အ.မ.က(၂) နှင့် အ.မ.က(စည်ပင်) ကျောင်းများတွင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေ၊ မီး၊ ရေချိုးခန်းနှင့် အိမ်သာများ စနစ်တကျ စီမံဆောင်ရွက်ရေးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)