ထီးလင်း  ၁ နိုဝင်ဘာ    

 

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ လျှင်မြန်လွယ်ကူ အဆင်ပြေစေရေး တို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံကို ယခုအခါ ဆောက်လုပ် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အဆောက်အအုံကို ရွှေမိုးရတနာကုမ္ပဏီက တာဝန်ယူ၍ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် - ၄၁ ဒသမ ၃၉၅ သန်းဖြင့် အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလျား - ၄၈ ပေ၊ အနံ - ၃၆ ပေ ရှိ ( RC ) တစ်ထပ် အဆောက်အအုံ အမျိုးအစား ဖြစ်ကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)