ထီးလင်း ၃ မတ်
ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို အလယ်ဘန်းကျေးရွာ စုရပ်ဆောင်၌ ယနေ့နံနက် ၁၀ နာရီကပြုလုပ်သည်။
ဖွင့်ပွဲတွင် မကွေးတိုင်းဒေကြီး လွတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအေးမင်းထွန်းက အခြေခံ စက်ချုပ် သင်တန်းကို ဒေသတွင်းနေ ပြည်သူများ၏ လိုအပ်ချက်ဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကာ သင်တန်းသူများ အနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ ၃၀ ဦးတက်ရောက်၍ သင်တန်းကာလ တစ်လဖြစ်ပြီး စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ဌာနမှ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ ပေးအပ်ထားကြောင်း သိရသည်။
မာမာမြင့် (ပြန်ဆက်)


