ထိန်းသိမ်းရမည့် ယောဓလေ့ရိုးရာ ရက်ကန်းလုပ်ငန်း

ထီးလင်း   ၁၉      အောက်တိုဘာ        

မြန်မာလူမျိုးတိုင်းရင်းသားများသည် နေရာဒေသအလိုက် မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုကိုယ်ပိုင် ဝတ်စားဆင်ယင်မှုများရှိရာ ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင်လည်း ယောဓလေ့ရိုးရာ ရက်ကန်းလုပ်ငန်းမှာ လူသိများ ထင်ရှားလျက်ရှိကြောင်း သိရသည်။

“မြန်မာ့လက်မှုပညာ တစ်မျိုးဖြစ်တဲ့ ရက်ကန်းပညာဟာ ဂုဏ်ယူဖွယ်ရာ လက်မှုပညာ တစ်ရပ်ဖြစ်ပါတယ်။ ချည်တွေကို အရောင်ဆိုးတဲ့နေရာမှာ သဘာဝကရရှိတဲ့ သစ်မြစ်၊ သစ်ခေါက် စတဲ့ ပစ္စည်းတွေကို သုံးပြီး သူ့အဆင့်အလိုက် ဂရုတစိုက် ပြုလုပ်ရပါတယ်။ ဆေးဆိုးတဲ့ အခါမှာလဲ ရေရဲ့ အရည်အသွေးက အရေးကြီးသလို သန့်စင်တဲ့ ရေ၊ မိုးရေ(သို့)ပေါင်းခံရေများကို အသုံးပြုရပါတယ်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်တဲ့ ရက်ကန်းပညာတွေ တိမ်ကောပပျောက် မသွားရလေအောင် မျိုးဆက်သစ်လူငယ် အမျိုးသမီးတွေအနေနဲ့ ကျွမ်းကျင်တတ်မြောက် ထိန်းသိမ်းဖို့ လိုပါတယ်” ဟူ၍ ထီးလင်းမြို့ ကန်တော်လေး ရပ်ကွက်နေ ရက်ကန်းသည် ဒေါ်ခင်ဝင်းစိန်က ပြောပြသည်။

အောင်စည်(ပြန်/ဆက်)