၉ ဇန်နဝါရီ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နိုင်ငံခေါင်းဆောင်များနှင့် သီခြားထိပ်သီး အစည်းအဝေးဆွေးနွေးပွဲ အတွက် နယ်သာလန်နှင့် ဗြိတိန် နိုင်ငံများသို့ထွက်ခွာခဲ့ကြောင်း သိရသည်။
အာဘေးသည် ပထမခရီးစဉ်အနေဖြင့် နယ်သာလန်နိုင်ငံသို့ တိုကျိုမြို့ရှိ ဟာနီဒါ လေဆိပ်မှ ယနေ့မနက်ပိုင်းက ထွက်ခွာခဲ့သည်။
အာဘေးက ဂျီ -၂၀ ထိပ်သီးဆွေးနွေးပွဲ ဥက္ကဌအဖြစ် ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင် ဇွန်လ၌ ကျင်းပမည်ဖြစ်သဖြင့် ဂျပန်ဝန်ကြီးချုပ်အနေဖြင့် ယခု ခရီးစဉ်ကို သွားရောက်ခြင်းဖြစ်ကြောင်း လေဆိပ်မှ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။
အာဘေး က ဂျီ -၂၀ ထိပ်သီးအစည်းအဝေးပွဲ အောင်မြင်ရေးအတွက် ခေါင်းဆောင်များနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် မျှော်လင့်ပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အာဘေးက ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေ ထံသွားရောက်ပြီး ဂျပန်နိုင်ငံ၏ ရပ်တည်ချက်ကို အသိပေးမည်ဖြစ်ပြီး ဥရောပ မှ ဗြိတိန်ခွဲထွက်ခြင်းသည် ယင်းနိုင်ငံ ရှိ ဂျပန်ကုမ္ပဏီများနှင့် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို