ဘန်ကောက် ဒီဇင်ဘာ ၁၅
ထိုင်း နိုင်ငံတကာမော်တော်ကားပြပွဲ ၂၀၂၂ တွင် မော်တော်ယာဉ်မှာယူမှုသည် ယခင်နှစ် နိုင်ငံတကာ မော်တော်ကားပြပွဲတွင် မှာယူမှုထက် ၁၆ ရာခိုင်နှုန်း တက်လာကြောင်း ပွဲစီစဉ်သူက ပြောသည်။
ယခုနှစ် ထိုင်း နိုင်ငံတကာမော်တော်ကားပြပွဲကို မြို့တော် ဘန်ဘောက်၌ တနင်္လာနေ့အထိ ကျင်းပခဲ့ပြီး မော်တော်ယာဉ်မှာယူမှုမှာ ယာဉ်အစီးရေ ၄၂၇၀၀ ကျော်ရှိသည့်အတွက် ယခင်နှစ်က မှာယူမှုထက် ၁၆ ရာခိုင်နှုန်း တက်လာကြောင်း ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌဖြစ်သူ ခွမ်ချိုင်းပါပတ်ဖောင်းက ပြောသည်။
အဆိုပါ မော်တော်ကားပြပွဲကို မြို့တော်ဘန်ကောက်၌ ၁၃ ရက်ကြာ ကျင်းပခဲ့ပြီး စုစုပေါင်း လာရောက်ကြည့်ရှုသူ ၁ ဒသမ ၃၃ သန်းကျော် ရှိခဲ့ကြောင်းနှင့် မော်တော်ယာဉ်မှာယူမှု အများဆုံးမှာ တိုယိုတာနှင့် ဟွန်ဒါကား ဖြစ်ပြီး ၆၀၆၄ စီးနှင့် ၃၂၅၂ စီးဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆင်ဟွာ