ဗန်ကောက် ဇန်နဝါရီ ၁၈

 

ထိုင်းနိုင်ငံတွင် ဇန်နဝါရီ ၁၇ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ သစ် ၆၉၂၉ ဦးရှိခဲ့ကြောင်းနှင့် ၁၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲ ရေးစင်တာ (စီစီအက်စ်အေ) က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အများစုမှာ မြို့တော်ဗန်ကောက်မှ ဖြစ်သည်။ ထို့နောက် ဆမွတ်ပရာခန်၊ ချွန်ဘူရီ၊ ဖူးခက်နှင့် နွန်သာဘူရီတို့တွင်လည်း ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားမှုများ ဖြစ် လျက်ရှိသည်။

 

သေဆုံးသူ အများစုမှာ အသက် ၆၀ ကျော် လူနာများဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကျန်းမာလာသူပေါင်း ၅၂၅၅ ဦးရှိကြောင်း စီစီအက်စ်အေက သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။

 

နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ အခြေအနေမှာ တည်ငြိမ်လျက်ရှိကာ အစိုးရသည် လာမည့် သီတင်းပတ် အနည်းငယ်အတွင်း  ကိုဗစ်-၁၉ ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးရန် စဉ်းစားလျက်ရှိသည်။

 

ထိုင်းနိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦး ရှိလာပြီဖြစ်သည်။ သေဆုံးသူ နှစ်ဦးလုံးမှာ အသက် ၈၀ ကျော် များဖြစ်ကြသည်။

 

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး သူပေါင်း ၁၀၉ သန်းကျော်ရှိလာပြီဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၆၆ ဒသမ ၁ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးပြီဖြစ်ကာ ၁၄ ဒသမ ၁ ရာခိုင်နှုန်းမှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးပြီ ဖြစ်သည်။

 

ဆင်ဟွာ