ထိုင်းအတိုက်အခံပါတီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

ဗန်ကောက် ဒီဇင်ဘာ ၉

 

ထိုင်းနိုင်ငံ၌ လာမည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်    စီစဉ်ထားသည့်အတွက် အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် ဖျူထိုင်းပါတီသည် ပါတီအထွေထွေညီလာခံတွင် ၎င်း၏ ကတိကဝတ်များကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဖျူထိုင်းပါတီသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာနှင့် ဆက်သွယ်မှုရှိသည်။ 

 

ပါတီထောက်ခံ အင်အားစုများကို ပြောကြားရာတွင် သက်ဆင်၏  အငယ်ဆုံးသမီး ပီတွန်တန်ရှင်နာဝပ်တရာက ၂၀၂၇ ခုနှစ်မတိုင်မီ   အနည်းဆုံး လုပ်အားခကို နှစ်ဆမြှင့်ပေးခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ လျှော့ချခြင်းအပါအဝင် လူတိုင်း၏လူမှုဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ 

 

ထို့အပြင် မိမိတို့သည် နိုင်ငံတော်ကြီး ကောင်းမွန်လာသည်ကို ပြန်လည် မြင်တွေ့ရတော့မည် ဖြစ်ကြောင်းနှင့် မိမိတို့၏ဂုဏ်ကျက်သရေနှင့်    သိက္ခာတရားတို့ကို ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း ၎င်းက  ပြောသည်။ 

 

အသက် ၃၆ နှစ်ရှိ ပီတွန်တန်ရှင်နာဝပ်တရာကို အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီ၏ဝန်ကြီးချုပ်လောင်းအဖြစ် တရားဝင်အမည်စာရင်း တင်သွင်းခြင်း မရှိသေးပေ။ သို့သော်လည်း နောက်ဆုံးစစ်တမ်းများက ၎င်းသည် ပြည်သူလူထုသဘောကျ နှစ်ခြိုက်သော  ရွေးကောက်ပွဲ ပြိုင်ပွဲဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။ 

 

ဖျူထိုင်းပါတီ၏ လူကြိုက်များသောမူဝါဒများကို လက်ရှိပါတီများနှင့် ပုဂ္ဂလိကကဏ္ဍများက အများအပြား ဝေဖန်ထားသည်။ 


          
အင်န်အိတ်ချ်ကေ