ဗန်ကောက် ၃၀ ဇူလိုင်
ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်း၏ အသက် ၆၇ နှစ်ပြည့်မွေးနေ့ကို ဇူလိုင် ၂၈ ရက်တွင် ဘုရင့်နန်းတော်၌ ကျင်းပခဲ့ရာ တော်ဝင်မိသားစုများနှင့် အစိုးရအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းအနေဖြင့် ၎င်းပိုင်ဆိုင်သည့် မြေအချို့ကို အခွန်ကင်းလွတ်ခွင့်ရရှိမည်ဟု ထိုင်းအစိုးရက ကြေညာခဲ့သည်။ ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန်းသည် ကမ္ဘာ့အချမ်းသာဆုံး ဘုရင်များထဲတွင်ပါဝင်ပြီး ၎င်း၏ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံရှိကြောင်း သိရသည်။
ထိုင်းတော်ဝင်မိသားစု၏ ငွေကြေးနှင့် မြေပိုင်ဆိုင်မှုများကို စီမံခန့်ခွဲသည့် The Crown Properties Bureau သည် ၂၀၁၇ခုနှစ်မှစတင်ကာ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။
၎င်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ညတွင် ထီးနန်းလက်ခံခဲ့ပြီး ၂၀၁၉ ခုနှစ် မေ ၄ ရက်မှ ၆ ရက်အထိ နန်းတက်အခမ်းအနား ကျင်းပခဲ့သည်။ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းသည် ထိုင်းနိုင်ငံ၏ အသက်အကြီးဆုံး ထီးနန်းဆက်ခံသူတစ်ဦး ဖြစ်လာခဲ့သည်။
ဗန်ကောက်ပို့စ်