ဗန်ကောက်၊ ဩဂုတ် ၁၈

 

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းသည် ပေတုန်တန်အား နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း အောက်လွှတ်တော်  အထွေထွေ အတွင်းရေးမှူးချုပ် ဆူကာနန်က ဩဂုတ် ၁၈ ရက် တွင် ကြေညာခဲ့သည်။

 

ဖွေထိုင်းပါတီဌာနချုပ်တွင် ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ကျင်းပသည့်အခမ်းအနားတွင် ပါလီမန်မှ မဲအများစု ရရှိခဲ့သဖြင့် ပေတုန်တန်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ဘုရင့်အမိန့်တော်တွင် မိန့်ကြားခဲ့သည်။

 

အသက် ၃၇ နှစ်အရွယ် ပေတုန်တန်သည် ထိုင်း ဘုရင် ဝဇီရာလောင်ကွန်းထံမှ ထောက်ခံမှုကို လက်ခံ ရရှိပြီးနောက် နိုင်ငံ၏အသက်အငယ်ဆုံးနှင့် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်