ထိုင်းဂူအတွင်းပိတ်မိနေသူ အားလုံး ကယ်ထုတ်နိုင်ခဲ့ပြီ

၁၁ ဇူလိုင်

ရေငုပ်သမားများက ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူအတွင်းရေများ ဖုံးလွှမ်းလာသောကြောင့် ပိတ်မိနေခဲ့သော လူငယ် ၁၃ ဦးကို ၃ ရက်အကြာတွင် ၎င်းတို့အားလုံးကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းရေတပ်နှင့် နိုင်ငံခြားသားရေငုပ်သမားအဖွဲ့သည် ချင်းရိုင်ခရိုင်ရှိ ဂူထဲတွင် နောက်ဆုံး ကျန်ရှိနေသူ ၅ဦးကို  အင်္ဂါနေ့ညနေ က ဂူအပြင်ဘက်သို့ ကယ်ထုတ်ခဲ့သည်ဟုဆိုသည်။

ဇွန်၂၃ရက်နေ့ကတည်းကဂူအတွင်း ပိတ်မိနေသော လူငယ် ၁၂ဦး နှင့်သူတို့၏နည်းပြ တို့အားလုံးကို ကယ်ထုတ်ပြီးနောက်  ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အကြီးအကဲတစ်ဦးက တနင်္ဂနွေနှင့်တနင်္လာနေ့များတွင် ကယ်ထုတ်ခဲ့သော လူငယ် ၈ ဦးသည် ပင်ပန်းနွမ်းနွယ်နေဆဲဖြစ်သော်လည်း စားနိုင်စကားပြောနိုင်ကြပြီး အချို့လူငယ်များသည် ချောကလက်ကိုတောင် စားချင်းကြောင်း ပြောနိုင်နေပြီလို့ သတင်းထောက်များကို အင်္ဂါနေ့ကပြောကြားခဲ့သည်။

၎င်းတို့အနက်မှ လူငယ် ၂ ဦးသည် အဆုတ်ရောင်ရောဂါလက္ခဏာရှိသဖြင့် ပဋိဇီဝဆေးများ သောက်ခိုင်းထားရကြောင်း၊ လူငယ်များကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေစဉ်  သီးသန့်ခွဲထားကြောင်း၊ တနင်္ဂနွေနေ့က ကယ်ထုတ်နိုင်ခဲ့သော လူငယ် ၄ ဦးသည် ၎င်းတို့၏မိသားစုဖြင့် မှန်ကာထားသော အခန်းတစ်ဖက်တစ်ချက်တွင် တနင်္လာနေ့ကတွေ့ခဲ့ကြကြောင်း တာဝန်ရှိသူက ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် က အဆိုပါ အဖြစ်အပျက်တစ်ခု ထပ်မဖြစ်အောင် ကာကွယ်တားဆီးရန် မိုးရာသီအတွင်း ဂူအတွင်းဝင်ရောက်ခြင်းသည် အန္တရာယ်များကြောင်း ကလေးများကို သင်ကြားပေးမည်ဟု တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

အဆိုပါကယ်ဆယ်ရေးအဖွဲ့က အသေးစိတ်အချက်အလက်များကို ပြောကြားရန် ရေတပ်အဖွဲ့၊ ရဲအဖွဲ့နှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

ကိုးကား အန်အိတ်ချ်ကေ

ဘာသာပြန် မြင့်မြင့်ချို